Powered By Blogger

Sunday, January 27, 2013

if I am President of Myanmar



အကယ်၍ကျွန်တော်သာသမ္မတဖြစ်ခဲ့ရင်

ငြိမ်းချမ်းရေးနှင့်ပြည်တွင်းစစ်ကိုလှဲလိုက်မယ် ကိုယ့်ရဲ့အာဏာမြဲဖို့အတွက်ဘယ်တော့မှပြည်သူတွေရဲ့အ သက်ကို စတေးတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူး။
စစ်အတွင်းမှာမွေးဖွါးခဲ့ပြီး နေ့စဉ်နှင့်အမျှပစ်ခတ်သံများကိုကြားနေရသောအကျင့်ပျောက်ခဲ့သည်မှာနှစ်ပေါင်း ၂၀ ကျော်လာခဲ့ပြီးဖြစ်ပေသည်။ ညကြီးအချိန်မမျှော်လင့်သည့်ဖုန်းသံမြည်လာသောကြောင့် ကမန်းကတန်း ဖုံးကိုလှမ်းပြီးကိုင်မိတယ် ရင်ထဲမှာဆို့နင့်စွာဘဲခံစားခဲ့ရတယ် ဒါပေမဲငိုဖို့ကမျက်ရည်များထွက်မလာခဲ့ပေ။ သို့သော်လည်း မင်းအဖြစ်ကိုဆိုတယ်ကွာညီလေးဆိုပြီးရင်နင့်စွာကောက်ချက်ချမိတယ်၊ လွန်ခဲ့ တဲနှစ်ပေါင်း ၂၀ လောက်ကမျက်ရည်တွေကုန်ဆုံးခဲ့ပြီမို့ နှလုံးသားထဲကဘဲ ရှိုက်ကြီးတငင်ငိုနေမိတယ် ကိုယ့်တိုင်း ရင်းသား ညီအကိုအချင်းချင်း ရက်စက်စွာသတ်ဖြတ်နေတဲ့ စစ်ကြီးပြီးဆုံးမဲ့နေ့ကို ဘဲဆုတောင်းနေမိပါတယ်။
အမှန်ကကျွန်တော်တို့နေထိုင်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံ၏ သဘာဝ ပါတ်ဝန်ကျင်နှင့် ရေမြေတောတောင် သဘာဝတွေဟာ အာရှတိုက်တွင်အလှဆုံးဖြစ်ပြီးတော့ သယံဇာတပေါကြွယ်ဝသောနိုင်ငံတဖြစ်သလို ချစ်ခင် ကြင်နာတတ်သော တိုင်းရင်းသားညီအကို မောင်နှမတွေနေထိုင်တဲ့နိုင်ငံတော်ကြီဖြစ်ပါတယ်။ လွတ်လပ်ရေး ရခါစ စစ်ကြောင့်ပျက်စီးခဲ့ရသော နိုင်ငံတ၀ှန်းမှပျက်စီးမှုများကို လပိုင်းအတွင်းအခြေအနေမှန်ကိုရောက် အောင်ပြုပြင်ဖန်တီးနှိုင်သောစွမ်းအားသည် တိုင်းသူပြည်သားများ၏ စိတ်ဓါတ်နှင့် ချမ်းသာကြွယ်ဝမှု့ကို သက်သေပြသော အကောင်းဆုံးသာဓကတခုဟုပင်မှတ်ချက်ချရပေသည်။
သို့သော်လည်းမြန်မာအစိုးရအဆက်ဆက်တို့သည် ၁၉၄၇ ခုနှစ်လွတ်လပ်ရေးမရမှီချုပ်ဆိုခဲ့သော ပင်လုံစာ ချုပ်ကိုအသိအမှတ်ပြုဖို့ပျက်ကွက်မှုများနှင့် တိုင်းရင်သားညီအကို မောင်နှမများနှင့် အေးအတူပူအမျှနေထိုင် ရန်ပျက်ကွက်မှုတို့ကြောင့် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အဏာ ကိုစစ်တပ်ကမောင်ပိုင်စီးလိုက်တဲ့နောက်ပိုင်း ပင်လုံးစာချုပ်လည်းပျက်ခဲ့ရပြီး ပြည်တွင်းစစ်ကြီးသည်လည်း တငွေ့ငွေ့လောင်ကျွမ်းခဲ့ရပေသည်မှာ ယနေ့ ထိပင်ဖြစ်ပေသည်။
စစ်ဆိုသည်မှာ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်လာသည်ဖြစ်စေ အကောင်းဖက်ကိုဦးတည်သော စစ်ဆို တာမရှိပေ အနောက်နိုင်ငံကြီးများသည် ဒုတိယဘမာစစ်မတိုင်မှီ တိုင်းပြည်နှင့်လူမျိုးများ ချမ်းသာကြွယ်ဝ ဖို့ရာ တခြားတိုင်ပြည်များကို ကိုလိုနီလုပ်ခဲ့ကြပေသည်။ သို့သော်လည်းကိုလိုနီနယ်မြေများကို ထိမ်းသိမ်းရ သောစရိတ်နှင့် မိမိတို့ပေးဆပ်လိုက်ရသော ပေးဆပ်မှုများမှာ မမျှတသောကြောင့် ၁၉၄၅ ခုနောက် ပိုင်းအရင်းရှင်နိုင်ငံကြီးများသည် ၄င်းတို့၏ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးလိုက်ကြပြီး စီပွါးရေး ကုန်သွယ်မှု့စာချုပ်များဖြင့် အစားထိုးချုပ်နှောင်ထားခဲ့ကြပေသည်။
ကျွန်တော်တို့နိုင်ငံတွင်ဖြစ်ပျက်နေသောအခြေအနေကို ခြုံငုံသုံးသပ်မည်ဆိုပါက ၁၉၄၅ ဒုတိယကမာစစ်       မပြီးဆုံးမှီက အင်္ဂလန် ပြင်သစ် ပေါ်တူဂီ အီတလီ ဂျပန် ၊ဒါခ်ျ နှင့်စပိန်နိုင်ငံတို့နှင့်သိပ်ပြီးသွားတူ နေပေသည်၊ ထိုအချိန်က ကိုလိုနီစစ်ပွဲများကြောင့်အရင်ရှင်နိုင်ငံတချို့တွင် ပေးဆပ်နေရသော စစ်စရိတ် များကြောင့် ပြည်သူများကအစိုးရ၏ ကိုလိုနီဝါဓများကို ဆန့်ကျင်ကန့်ကွက်လာကြပေသည်။ ထို့ကြောင့်ဗြိတိန်အစိုးရနှင့် တခြားအစိုးရများသည် ၄င်းတို့ထိမ်းချုပ်သောနိုင်ငံများကို လွတ်လပ်ရေး ပေးခဲ့ကြပေသည်၊ ၄င်လွတ်လပ်ရေးရလာသောနိုင်ငံများအထဲတွင်ကျွန်တော်တို့ နေထိုင်သောပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည်လည်းတနိုင်ငံအပါအ၀င်ဖြစ်ပေသည်။
တချို့ကိုလိုနီနိုင်ငံများစွာ ပိုင်ဆိုင်ခဲ့သောနိုင်ငံကြီးများဆိုလျှင် ဒုတိယကမာစစ်ပြီးဆုံသည့်အချိန် ပေါင်မုန့်ကိုပင်နပ်မှန်အောင်စားနှိုင်ဖို့တော်တော်လေးကြိုးစားခဲ့ရပေသည်။ သို့သော်လည်းကိုလိုနီနိုင်ငံများ ကိုလွတ်လပ်ရေးပေးလိုက်ပြီးနှစ်ပေါင်း ၂၀ အတွင်းမှာပင် ထိုနိုင်ငံများသည် ကမာတွင်အချမ်းသာဆုံးနိုင်ငံ များဖြစ်လာခဲ့ကြသည်။
ဗမာစစ်ခေါင်းဆောင်များနှင့် ဗမာတချို့၏ မသိစိတ်တွင်တိုင်ရင်းသားများကို ကိုယ် ပိုင်အုပ်ချုပ်ခွင့်ပေးလိုက် ပါက မိမိတို့ဗမာတွေအနေနှင့် နယ်မြေတွေဆုံးရှုံးသွားလိမ့်မည် ၀င်ငွေတွေနည်းသွားပေလိမ့်မည်ဟူသော ခောတ်နှင့်မညီသည့် အတွေးအခေါ်များကြီးစိုးနေသောကြောင့်ဖြစ်ပေသည်။ အမှန်ကဤအတွေအခေါ်များ မှာ ၁၉၄၅ ဒုတိယကမ္ဘာစစ်မတိုင်မှီ မှန်ကောင်းမှန်နှိုင်သော်လည်း ဒီနေ့အတွေးအခေါ်များနှင့် တွေးတောမည်ဆို ပါကလုံးဝမှားနေပေသည်။ ဒီနေ့ခောတ်သည် ကိုယ်ကတခုယူလိုက်လျှင်တခုပြန်ပြီးပေး ဆပ်ရသောခောတ်ဖြစ်သောကြောင့် တာဝန်ယူမှု့နှင့် တ၀န်ခံမှု့များသည်သည်း ဒွန်တွဲနေသော ခောတ်ဖြစ်ပေသည်။
၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်တခုလုံးနီပါး စစ်မက်ကြီးဖြစ်ပွါးခဲ့ရပေသည် သို့သော်လည်း ၁၉၇၄ နောက်ပိုင်းတွင်ဗမာများနေထိုင်သော ဒေသများတွင် ကွန်မြူနစ်များအခြေချနှိုင်မှု အားနည်းလာပြီး စစ်ပွဲများသည်နယ်စပ်သို့ရွှေ့လျှားသွာခဲ့သည်မှ ဗမာလူမျိုးကြီးဝါဓကိုခိုင်မာအောင် အစိုးရအဆက်ဆက်မှ သူတို့၏ှကိုယ်ပိုင်အတွေးအခေါ်များကို ဗမာများ၏ဦးနှောက်ထဲသို့ရိုက်သွင်း နှိုင်ခဲ့ခြင်း၏ အောင်မြင်မှု တစိတ်တပိုင်းဟုပင်ကောက်ချက်ချ၍ပေသည်။
သို့သော်လည်းယင်းအောင်မြင်မှုများမှာ မှားယွင်သောအောင်မြင်မှု့သာဖြစ်ကြောင်း ၁၉၈၈ အရေးတော်ပုံက မှတ်ကျောက်တင်းပေးခဲ့ပေသည်၊ ဗမာများနှင့်တိုင်းရင်းသားများသည်လည်းတူညီသော အဖိနှိပ်ခံ ပြည်သူများသာဖြစ်ကြောင်းကို အချိန်ကအလိုအလျှောက် ပေါင်းစပ်ပေးလိုက်ခြင်းပင်ဖြစ်ပေသည်။
တိုင်းရင်းသာနယ်မြေများကိုလက်လွှတ်လိုက်ရမည် ကိုယ်ပိုင်အုပ်ချုပ်းရေးပေးလိုက်ရမည် ၈ ပြည်ထောင်စ နစ်ပြည်ထောင်စုကြီးကိုတည်ဆောက်လိုက်မည်ဆိုပါက ကျွန်တော်တို့ဗမာတွေအတွက် ရစရတွေနည်းနည်း လျှော့သွားပြီး ပေးစရာတွေများလာလေမလားဟုပင်သ၀န်တိုမိသည် သို့သော်လည်းစီးပွါးရေးနှင့် အမျိုးသားရေးရှုဒေါင့်ကကြည့်မည်ဆိုပါက ဗမာများအတွက်အမြတ်များနှင့် ရွှေဗမာများဖြစ်လာဖို့အတွက် ပြည်ထောင်စုစနစ်နှင့် ( Federalism) သာအကောင်းဆုံးဖြစ်ကြောင်းတွေ့ရပေလိမ့်မည်။
၆၅ နှစ်မျှသောလွတ်လပ်ရေးကြီးကိုတည်တန့်အောင်ထိမ်းရင်း တိုင်ရင်းသားနယ်မြေတွေမှ ရသမျှသယံဇာ တများကိုလက်ညှိးထိုးပြီးရောင်းစားခဲ့တာ အမြတ်ဆိုလို့အကြွေးတွေသာကျန်နေခဲ့တယ် ဒီအကြွေးတွေကို ဗမာတွေသာပေးဆပ်ရမည်ဆိုပါက နှစ်ပေါင်းမျာစွာပေးဆပ်လျှင်ပင် ပြန်ဆပ်နှိုင်စရာလမ်းမမြင်ပေ၊ ဒီခောတ်ဗမာတွေဟာလည်း ၁၉၄၈ ခုနှစ်ကဗမာတွေလိုပြုံ့ရွှင်နေတဲ့ဗမာတွေမဟုတ်တော့ဘဲ ကြောက်ရွံ့ နေတဲ့ဗမာတွေ တခုခုကို စိုးရိန်နေတဲ့ဗမာတွေကိုသာတွေ့မြင်ရမှာပါ။ ဘာကြောင့်လည်းဆိုတော့ ၆၅ နှစ်ကြာတခြားဘ၀တူတိုင်းရင်းသားများကိုကိုလိုနီလုပ်ဘို့ကြိုးစားရမှာသည် ပြည်တွင်းအသားတင်ဝင်ငွေ ၏တ၀က်ကျော်ကို စစ်အရိတ်အတွက်အသုံးပြူမှု့ကြောင့် တိုင်ပြည်နှင့်လူမျိုး၏ အဓိကအသက်  သွေးကြောဖြစ်တဲ့ ပညာရေး ၊ စီးပွါးရေး ၊ ကျန်မာရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွက် အက်က်မှာ ချွတ်ချုံကျ နောက်ကျခဲ့ရုံသာမက မြန်မာပြည်သူအားလုံး၏ စိတ်ဓါတ်နှင့် အင်အားတွေပါ ချွတ်ချုံကျခဲ့ရတာကြောင့် ကျွန်တော်တိုမျှော်မှန်ခဲ့သည် မဟာဗမာလူမျိုးကြီးဝါဓမှာ မအောင်မြင်သည် သာမက မိမိတို့ဗမာလူမျိုးတခုလုံးကိုပါ ကင်ဆာရောဂါကဲ့သို့ နေ့စဉ်နှင့်အမျှခြောက်လှန့်နေသော စနစ်ဆိုးကြီးသာဖြစ်သောကြောင့် လက်ရှိဒီမိုကရေစီအစိုးရအနေနှင့် တိုင်းသူပြည်သားများ၏အကျိုးကို မျှော်ကိုပြီး ပြည်တွင်းစစ်အားလုံးကိုရပ်တန့်ပြီး တန်းတူညီမျှသော တဦးနှင့်တဦးချစ်ခင်လေးစားသော အပြုံ့အရယ်များဝေပြီး အငိုများကင်းသော ခောတ်မှီကည့်ပြည်ထောင်စုကြီးကို တည်ထောင်ပါရန် ဤဆောင်းပါးဖြင့် အကြံပြု တင်ပြလိုက်ရပေသည်။


ဆက်လက်ပြီးအနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဗမာလူမျိုးများ၏လူနေမှုစနစ်ကိုသုံးသပ်ကြည့်မည်ဆို ပါက အောက်ပါအတိုင်တွေ့ရပေလိမ့်မည်ဖြစဟ်ပါသည်။
ဤနေရာတွင်အလျှင်းသင့်၍ကိုမောင်ကျောက်ခဲဖန်တီးထားသောမြေပုံအားပြန်လည်ဖေါ်ပြပေးလိုက်ပါသည်မြေပုံပေါ်တွင်ဖေါ်ပြထားသော အနီရောင်မြေပုံနှင့် အ၀ါရောင်မြေပုံငယ်လေးမှာ ဗမာများနေထိုင်ရာဒေသ ဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတိုင်းအတာအရ ကျန်မာရေး ၊ လမ်းပန်းဆက်သွယ်ရေ။ ၊ ပညာရေးနှင့်ကုန်သွယ် ရေးဂဏ္ဍတွင်ပြီးပြည့်စုံသည်ဟုမဆိုလောက်သော်လည်း တခြားပြည်နယ်များထက် အဆပေါင်းများစွာ သာလွန်နေကြောင်းတွေ့ရပေလိမ့်မည်ဖြစ်ပေသည်။ တနည်အားဖြင့်ပြောရသော် တခြားဗမာမဟုတ်သော ပြည်နယ်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်နေသောအချိန်တွင် ဗမာများ၏စီပွါးရေးမှာ စင်ကာပူနိုင်ငံကဲ့သို့စီးပွါးရေးအခြေအနေ ရှိနေမည်မှာမည်သူမျှငြင်း၍မရနှိုင်ပေ။ ဗမာများ၏အသားတင် ၀င်ငွေများကိုလည်း အဝေးပြေလမ်းများပြုလုပ်ခြင်း ၊ ပညာရေးနှင့်ကျန်မာရေးတွင်သုံးစရာမလိုတော့သည့် အတွက် တခြာပြည်နယ်များထက်ဝင်ငွေအားဖြင့် ၅ ဆခန့်များနေမည်ဖြစ်ပေသည်။ သို့သော်လည်း ဗမာများက ယူတတ်ဖို့သာအရေးကြီးသည် အကယ်၍အပျင်းကြီးပြီးမယူတတ်ပါက ၄င်းအခွင့်အရေး များမှာကုလားနှင့်တရုပ်တွေလက်ထဲကို ကျရောက်သွားမှာသေချာသလောက်ရှိနေပြီး။ဗမာများမှဒီနေ့ဖြစ် ပျက်နေသည့်အခြေအနေလိုဘဲ နယ်စပ်ဒေသတွေကိုသွားပြီး တဖက်နိုင်ငံတွင်ခေါ်ရင်ထူး ခိုင်းရင်လုပ် ဘ၀များဖြင့်သာနှစ်ပါးသား သွားနေအုံ့မည်ဖြစ်ပေသည်။
ထို့ကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးစဉ်းစားသင့်တာကတော့ အမေရိကန်ပြည်ထောင်စုမပြိုကွဲဘဲ ဆိုဗီယက်ပြည်ထောင်စုဘာကြောင့်ပြိုကွဲသွားရတာလည်း။ ယူအေအီးမပြိုကွဲဘဲ ဆာဘီယားဘာကြောင့် အစိတ်စိတ်အမွာမွာပြိုကွဲသွားရတာလည်း။ ဥရောပါယူနီယန်ဘာကြောင့်ဒီနေ့ဘုံငွေကြေးသုံးစွဲနေကြပြီး ပစပို့တခုတည်းကို ဘာကြောင့်သုံးနေကြတာလည်းဆိုတာ သုံးသတ်ပြီးအနာဂတ်ပြည်ထောင်စုမြန်မာ နိုင်ငံကြီးကို ဘယ်လိုပုံဖေါ်ကြမှာလည်းဆိုတာ မြန်မာပြည်သူအားလုံးစဉ်းစားသင့်ပြီး အေးအတူပူအမျှ အတူတကွနေထိုင်နှိုင်သော အခြေအနေတခုကိုဖန်တီးပေးနှိုင်သည့် အခွင့်အလမ်းများရှိမှသာ မြန်မာပြည်သူများ၏ အပြုံ့များမှာဝေဆာလာမှာဖြစ်ပြီး။
အကယ်၍ကိုယ်လိုရာပုံဖေါ်မည့် တဖက်သတ်စစ်တိုက်နေမည်ဆိုပါက တိုင်းပြည်အနေနှင့် ပိုမိုနစ်နာမညဖြစ်ပြီး တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးနှင့် အတူတကွနေထိုင်ရေးဟူသောအိမ်မက်များမှာလည်ူအလှမ်း ဝေးနေမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသာပြည်နယ်တွေမှာ သစ်ရွက်များပါမကျန်အောင် မြန်မာ့ တပ်မတော်မှဗုံကြဲတိုက်ခိုင်ပြီးအနိုင်ယူ အမြစ်ချေမှု့ပစ်မည်ဆိုပါက ဖြစ်ကောင်းဖြစ်နှိုင်ပေသည် သို့သော် လည်းသူတို့၏နာ ကျင်သောနှလုံးသားများကို ချေမှုပစ်ဖိုရာပိုပြီးခက်ခဲလာပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်းသင့်မြတ်ရေးဟူသော အိမ်မက်များမှာလည်း အိပ်မက်များ အဖြစ်သာကျန်နေခဲ့ပြီး အနာဂတ်ပြည် ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာလည်း ယမ်းငွေ့တွေဝေနေပြီး မြန်မာ့သားကောင်းများမှာလည်းမလိုအပ်ဘဲ အာဏာရှင်များ၏ဘ၀ရှင်သန်ရေးအတွက် အသက်သွေးချွဲများ ပေးဆပ်နေရအုံမည်ဖြစ်ကြောင်းနှင့်ကျွန်တော်သာ သမ္မတဖြစ်ခဲ့လျှင် ဒီလိုပြည်သူများနေ့တဓူဝခံစား နေရသော ကြောက်ရွံ့ခြင်များမှကင်းဝေးစေရန် ပြည်တွင်စစ်ကိုချက်ချင်းရပ်လိုက်ပြီး စစ်တပ်များကို စစ်တန်းလျှားများသို့ပြန်ခိုင်းကာ ထာဝရတည်တန့်စေမည့် အဓိပ္ပါယ်ရှိသောနိုင်ငံရေးဆွေးနွေးမှုများ ကိုပြုလုပ်ကာထာဝရ တည်ငြိမ်အေးချမ်းသော ပြည်သူများကြောက်ရွံ့ခြင်းမှကင်ဝေးသော ပြည်ထောင်စုကြီး ကိုပနက်ချပြီး ကောင်းသောသမိုင်းကိုရေးသားမည်ဖြစ်ပြီး အမိန့်ကိုမနာခံသောစစ်ခေါင်းဆောင်များ ကိုလည်း ချက်ချင်းတာဝန်မှရပ်စည်းကာ ပြည်သူဖက်မှာ ရပ်တည်ပြီး ပြည်သူနှင့် တထပ်တည်း ရှိပါကြောင်း နှင့်တပ်မတော်သည် မိမိ၏လက်အောက်တွင်သာရှိပါကြောင်းနှင့် မိမိသည်တပ်မတော်မှကြိုးဆွဲရာ ကနေရသော ရုပ်သေးသမ္မတ မဟုတ်ပါကြောင်း ပြည်သူများကို ကိုယ်စားပြုသည့် ပြည်သူ့သမ္မတ သာဖြစ်ပါကြောင်း သက်သေပြ၍ ပြည်သူဘက်မှ ထာဝရရပ်တည်ပေးမည်ဖြစ်ပါကြောင်း တင်ပြလိုက် ရပေသည်။
နွယ်နွယ်စိုး

No comments:

Post a Comment