Powered By Blogger

Friday, November 16, 2012

ရခိုင်ပြည်နယ်ဖြစ်စဉ်အခြေအနေများနှင့်စပ်လျှဉ်း၍နိုင်ငံတော်သမ္မတ၏ရှင်းလင်းပြောကြားချက်

ရခိုင်ပြည်နယ်ဖြစစဉ်အခြေအနေများနှင့်စပ်လျှဉ်း၍နိုင်ငံတော်သမ္မတ၏ရှင်းလင်းပြောကြားချက်

http://www.president-office.gov.mm/briefing-room/news/2012/11/16/id-1852

ရခိုင်ပြည်နယ်ဖြစစဉ်အခြေအနေများနှင့်စပ်လျှဉ်း၍နိုင်ငံတော်သမ္မတ၏ရှင်းလင်းပြောကြားချက်များကိုဝေဖန်သုံ
သပ်ခြင်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ၏ပြောကြားချက်သည်နားထောင်ကောင်းသော်လည်း အစမှသည် အဆုံးထိပြန် လည်သုံးသပ်ကြည့်လျှင် တာဝန်ခံမှု တာဝန်ယူမှုကင်းမဲ့နေကြောင်းတွေ့နှိုင်ပေသည်။ လူဦးရေ
သန်း ၆၀ အတွက်တာဝန်ယူရန်ခက်ခဲသောအရာတခုကို လူဦးရေ ၄ သန်နီးပါးခန့်ရှိသော ရခိုင်ပြည်သူတို့
အပေါ်ပုံချသည်နှင့်တူနေပေသည်။

ကျွနှုပ်တို့တိုင်ပြည်သည် ပြည်ထောင်စုမြန်မာနိုင်ငံဟူသောအမည်နာမရှိသည့်အလျှောက် တိုင်ပြည်တပြည်
၏ကောင်းမွေဆိုးမွေများကို အေးအတူပူအမျှခံကြရမည်ဖြစ်ပေသည်၊ ရခိုင်ပြညကထွက်တဲသယံဇာတတွ ကိုတိုင်းပြည်တိုးတက်ရေးအတွက်သုံးမယ် ရခိုင်ပြည်မှာဖြစ်ပွါးနေတဲ့ဆင်ရဲမွဲတေမှုကိုတော့ ရခိုင်တွေခါး စည်းရင်စည်းပြီးခံကြဆိုတာမျိုးကတော့သဘာဝမကျပေ။ ထို့ကြောင့်ဤမျှများပြားလှသော ဘင်္ဂလီ များကိုရခိုင်ပြည်နယ်တခုတည်း၌ ပြန်လည်နေရာချထားမှုမျိုးမဟုတ်ဘဲ တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ထိုက်သင့်သောအရေအတွက်အချိုးကျစီ ပြန်လည်နေရာချထားမှုများပြုလုပ်ပါကပိုပြီးသင့်တော်ပြီး 
 နောင်အနာဂတ်တွင်လည်း ဤကဲ့သို့သောအကြမ်းဖက်မှုများကိုရှောင်လွဲနှိုင်မည်ဖြစ်ပေသည်။

အကယ်၍ အစိုးရအနေနင့်မိမိသဘောဖြင့် ရှိသမျှတရားမ၀င်ဘင်္ဂလီများကို ရခိုင်ပြည်နယ်တခုတည်းတွင်
စုပြုံပြီးချောင်ပိတ်ထားမည်ဆိုပါက နကိုကတည်းကမြန်မာနိုင်ငံတွင်ဒုတိယအဆင်းရဲဆုံးဖြစ်သောရခိုင် 
ပြည်နယ်အတွက် န်၏အလေးချိန်နှင့် ၀န်ဆောင်မှုမမျှမတဖြစ်ကာ ပိုပြီးကြီးမားသောပြဿနာကို
ဖြစ်စေနှိုင်သောရင်းမြစ်တခုကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှပုစုပျိုးထောင်ပေးသလိုဖြစ်ကောင်း
ဖြစ်သွားနှိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် တချိန်က၀န်ကြီးချုပ်ဦးနုမွှေးပေးခဲ့သောမီးကြောင့် ရခိုင်လူမျိုးများဒီနေ့လောင်
ကျွမ်းနေကြခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရအနေနှင့်လည်းရှောင်ရှားသင့်သည်ဟုစာရေးသူအနေနှင့်သုံးသပ်မိ
ပါသည်။ သို့သော်လည်းအဆုံးအဖြတ်ပေးနှိုင်သူမှာ စာရေးသူမဟုတ်ဘဲ အစိုးရသာဖြစ်ပါသည်။

ဒီနေ့ဖြစ်ပွါးခဲ့ရသောပြဿ၏ ရင်းမြစ်မှာရခိုင်လူမျိုးများထံမှပေါက်ဖွါးလာခြင်းမဟုတ်ဘဲ နိုင်ငံခြားမီဒီယာ
များနိုင်ငံတကာရောက် ဘင်္ဂလီများက စနစ်တကျလှုံ့ဆော်မှုများကြောင့်ပင်ဖြစ်ပေသည်သို့သော်လည်း
OIC အနေနှင့် သူတို့၏ခြေလှမ်းများကိုရပ်တန့်မသွားဘဲ ရှေ့သိုသာတလှမ်းတိုးပြီးသွားနေသည်ကိုတွေ့
နေရပေသည် ထို့ကြောင့်မြန်မာနိုင်ငံတော်အစိုးရအနေနှင့် အမျိုးသားလုံခြုံရေးနှင့်ပါတ်သက်လာလျှင် အားပျော့မနေဘဲ ပြတ်ပြတ်သားသားဆုံးဖြတ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်သူပြည်သားများ
၏အသက်အိုးအိမ် စည်းစိမ်များကို အကာအကွယ်ပေးရမည့်တာဝန်မှာအစိုးရ၏တာဝန်သာဖြစ်ပေသည်။

ဖြစ်ရခြင်းအကြောင်းရင်များ

(၁) ၂၀၁၀ ခုနှစ်မှာစပြီးARNO နှင့် Rohingya Future Planning Comittee မှာ ဂျီဟအမည်ရှိသော ဘင်္ဂလီ ကတ်ဆက်စီဒီခွေပေါင်းတစ်သောင်းကျော်ကို ရခိုင်ပြည်နည်နှင့်တခြားမွတ်ဆလင်များနေထိုင်ရာ
ဒေသအသီးသီသို့ဖြန်ဝေပေးခဲ့ပေသည်။ သို့သော်လည်းမြန်မာထောက်လှမ်းရေးများအနေနှင့် ဘာသာစ
ကားကျွမ်းကျင်မှုနည်ပါးခြင်း  ၄င်းတို့အားအထင်သေးခြင်များကြောင့် ၈-၀၆-၂၀၁၂ နေတွင်ရခိုင် လူမျိုးများသွးအေးအေးဖြင့်အသတ်ခံခဲ့ရပေသည်ဆိုသည်ထက် မြန်မာနိုင်ငံ ၏အချုပိအချာအာဏာကို ဘင်္ဂလီများကထိပါးစော်ကားခဲ့သည်ဟုမှတ်တမ်းတင်ရပေလိမ့်မည်။

(၂) ၄င်းနောက်ပိုင်းမွတ်ဆလင်လူများစုနေထိုင်သောမြို့များတွင်ရခိုင်လမျိုးများကိုလက်ဦးမှုယူကာတိုက်
ခိုက်ခဲ့ကြပေသည်၊ တဆက်တည်တွင် OIC နှင့်၎င်းတို၏ မဟာမိတ်များက ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစိုးရနှင့် နိုင်ငံသားများကို ဘီလူးတကောင်ကဲ့သို့သရုပ်ဖေါ်ခဲ့ကြပေသည်။

(၃) တဆက်တည်းမှာပင်၎င်းမွတ်ဆလင်အစွမ်းရောက်များသည် ရခိုင်မျိုးနွယ်စုများအားနိုင်ငံတကာတွင်
တိုက်ခိုက်မှုများကိုစနစ်တကျပြုလုပ်ခဲ့သည့်အပြင် INDIA နိုင်ငံရှိ Buddhism များအထွတ် အထိပ်ထား ရာနေရာများကိုဗုံးခွဲတိုက်ခိုက်ရန်ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ စသည့်အထောက် အထားများ သည်လိုသည်ထက်ပိုနေပေပြီ။

(၄) OIC ၏စွပ်စွဲချက်များမှာ တဆင့်ချင်းအနေနှင့် အလွဲလွဲအချော်ချော်ဖြစ်လာသောကြောင့် ( UN) ညီလာခံတွင် ၄င်တို့၏ရည်မှန်ချက်များကိုလက်လွှတ်ဆုံးရှုံးခဲ့ရပေသည်။ အကြောင်းမှာတခြားမြို့နယ်များ
တွင်နေထိုင်လျှက်ရှိကြသော မွတ်ဆလင်လူနည်းစုများတိုက်ခိုက်ခြင်းမခံရသောကြောင့် ရခိုင်လူမျိုးများကို အပြစ်ပုံချရန်ခက်ခဲသွားသည်ကတကြောင်း ဥရောပနှင့် အမေရိကန်နိုင်ငံတို့က သူတို့၏လုပ်ကြုံဇာတ်များ
ကိုသိသွားခြင်းကြောင့်တကြောင်းပင်ဖြစ်ပေသည်။

(၅) သိုသော်လည်း OIC ၏ကြိုးစားမှုများမှာနောက်ဆုပ်မသွားသည့်အပြင် ၂၁-၁၀-၂၀၁၂ နေ့တွင်လူ နည်းစုမွတ်ဆလင်များနေထိုင်သော မို့နယ်များတွင်ပြများဖြစ်လာအောင်ဖန်တီးခဲ့ကြပေသည်။ ရခိုင်ရွာများကိုမီးရှိုးကြသည် ရခိုင်စီးပွါးရေးလုပ်ငန်းများကို ဖျက်ဆီးကြပေသည်။

(၆) ၄င်းဖြစ်စဉ်များအတွင်းပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအနေနှင့် ဘင်္ဂလီကျေးရွာများကိုသာလုံ
ခြုံရေးယူထာပြီး ရခိုင်လူမျိုးများ၏အသက်အိုးအိမ်းနှင့်သူတို့၏ရှင်သန်ခြင်းများကိုလျှစ်လျှူရှုခဲ့မှုကြောင့်၎င်း ရခိုင်လူမျိုးမြောက်များစွာအသက်ဆုံးရှုံးခဲ့ရပေသည်။ ပြည်ထောင်စုတပ်မတော်က ပြည်ထောင်စုတိုင်းရင်း
သားများကိုလျှစ်လျှူရှုခြင်းကိုပြသခဲ့ပေသည်။ ရက်ရက်စကစက်ပစ်သတ်ခဲ့ကြပေသည်။ ပြောရလျှင်ပြည်
ထောင်စတပ်မတော်က ပြည်ထောင်စုသားညီအကိုများကို ကာကွယ်ဖို့ပျက်ကွက်ခဲ့ခြင်းဖြစ်ပေသည်။ 

၎င်းအပြင်တစုံတရာကြိုတင်သတိပေးခြင်မျိုးမရှိဘဲ တဖကျနင်တဖက်ဖြစ်ပွါးနေသောအရေးအခင်းတွင် ရခိုင်လူမျိုးများကို တမင်ရည်ရွယ်ပြီးပစ်သတ်ခြင်းများအတွက် အစိုးရအနေနှင့် တာဝန်ပျက်ကွက်နေ
ခြင်းပင်လျှင် ရှက်စရာကောင်းသောလုပ်ရပ်တဘုဖြစ်ပေသည်။ နောက်ဆက်တွအဖြစ်ယင်းမွတ်ဆလင်
ရွာများတွင်အစောင့်ချထားခဲသော တာဝန်ရှိသူများအနေနှင့် လတ်ငွေများစွာကိုလက်ခံရရှိကြောင်းလည်း
သတင်များထွက်နေသောကြောင့် အစိုးရအနေနှင့် လေ့လာစုံစမ်းသင့်ပေသည်။ 

(၆) အမှန်ကဦးသိန်စိန်ပြောသလိုနိုင်ငံတကာတွင်တိုင်ပြည်နှင့်လူမျိုးအရှက်ရစေသော အပြုအမူများကိုလူ
တိုင်းရှောင်ရှားရန်လိုအပ်ပေသည် သို့သော်လည်းပြည်သူများကိုကာကွယ်ဖို့ပျက်ကွက်ခဲ့သောအချက်ကို
ဦးသိန်းစိန်အနေနှင့်သတိထားပုံမရခဲ့ပေ။ ကချင်ပြည်နယ်အတွင်ဖြစ်အေသောစစ်ပွဲများကိုတခဏမေ့နေ
ဟန်တူပါသည်။ 

(၇) ဒီဖြစ်ရပ်ဟာအမေရိကလို ဥရောပလိုနိုင်ငံများမှာသာဖြစ်ခဲ့ရင် အမျိုးသားလုံခြုံရေးချွတ်ယင်းတခုအဖြစ်
ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်ရဲချုပ်နှင့်ပြည်ထဲရေးဝန်ကြီးများ တယောက်မှမကျန်အောင်နုပ်ထွက်ကြ မည်မှာ ၉၉% သေချာပေါက်ဖြစ်ပေသည်၊ သိုသော်လည်းနိုင်ငံတော်အကြီးအကဲများအနေနှင့် ပြည်သူများ
ကိုသာအဖြစ်ပုံချနေကြပေသည်။

အကြမ်းဖက်မှုတွင်တိုက်ရိုက်ပါဝင်ပါတ်သက်သူများကို ဦးသိန်းစိန်ကိုတိုင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်
ပေးပြီးမှာ နောက်ကွယ်ကကြိုးကိုင်သူများကိုအရေးယူမယ်ဆိုပြီး အပြောနှင့်အလုပ်မညီပြောလာပြန်ပေ
သည်။ နှစ်ပေါင်း ၆၀ ခန့်ဖြစ်ပွါးနေသောပြည်တွင်စစ်ကြီးကြောင့် အထိကျန်နေခဲ့သည်ကိုမေ့ပြီး ရခိုင်ပြည်
နယ်အကြမ်းဖက်မှုကြောင့် နိုင်ငံတကာတွင်အရှက်ရစေခဲ့သည်ဟုပြောကြားခဲ့ပေသည်။

စစ်သားလူထွက်ကြီးတယောက်ရှက်တတ်တယ်ဆိုတာတော့ ဂုဏ်ယူစရာပါ သို့သော်လည်းဘယ်အထိ
ဆက်ပြီးရှက်တတ်မှလည်းဆိုတာစောင့်ကြည့်ရအုံ့မှာပါ။ အမှန်ကယဉ်ကျေးသောလူ့အဖွဲ့အစည်းများ
တွင်နေထိုင်ကြသော ပြည်သူရော အုပ်ချုပ်သူတွေပါ  ထိုသို့သောမကောင်မှုများကိုရှောင်ရှားကြပေသည်။  

() ၁၅-၁၁-၂၀၁၂ နေ့မှာဘဲ OIC နိုင်ငံများအစည်းအဝေးတွင်မြန်မာနိုင်ငံအရေးကို လုံခြုံရေးကောင်စီ
တွင်ဆွေးနွေးရန်ပင်တင်ပြလာပေသည်။ အမှန်ကဒီမွတ်ဆလင်နိုင်ငံများအနေနှင့်မြန်မာနိုင်ငံကိုတမင်
သက်သက်စော်ကားနေခြင်းသာဖြစ်ပေသည်။ နောက်ကွယ်မှကြိုးကိုင်နေသူများမှာလည်းသူတို့သာဖြစ်
ပေသည်၊ ထို့ကြောင်ပြည်ထောင်စုမြန်မာနိုင်ငံအနေနှင့်ပြတ်သားရန်လိုအပ်ပြီးဖြစ်ကြောင်းတင်ပြလိုက်
ရပေသည်။  

(၉) မြန်မာနိုင်ငံအနေနျင့်လည်း OIC အနေနှင့်အကြမ်းဖက်သမားများကို အကူအညီပေးနေတာများကိုရပ်
တန့်ပြီး မြန်မာနိုင်ငံတွင်ဝင်ရောက် ချုပ်ချယ်မှုမပြုပါရန် စာရေးတုန့်ပြန်သင့်ပေသည်။

၎င်းအပြင်တိုင်းရင်သားညီအကို မောင်နှမများအတူတကွ နွေးထွေးစွာနေနှိုင်သောခောတ်တခောတ်ကို
ထူထောင်ရန်အတွက်အစိုးရမှာလုံးဝတာဝန်ရှိပေသည်။ သူရဲကောင်းများဆိုသည်မှာတိုင်ပြည်နှင့် လူမျိုးအတွက်မားမားမတ်မတ်ရပ်ပြီးရင်ဆိုင်ရသူများကိုသာခေါ်ခြင်းဖြစ်ပြီး။ တိုင်ပြည်ပျက်စီးရာ ပျက်စီးကြောင်းကိုအထောက် ကူပြုသူများကိုသတ်မှတ်ခြင်းမဟုတ်ပါ။

စိန်ဘန်း
      
 
  







No comments:

Post a Comment