Powered By Blogger

Friday, August 17, 2012

Civil war in Pakistan fighting Islam kill to Islam

နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အာဖဂန်နစ္စတန်စစ်ပွဲ၊ ဘင်လာဒင်နဲ့ အယ်ကိုင်းဒါးအကြမ်းဖက်မှု စတာတွေဟာ လူသိများကြပေမယ့် ပါကစ္စတန်နိုင်ငံထဲမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပျက်နေတဲ့ စစ်ပွဲတစ်ခုကိုတော့ လူသိနည်းနေတုန်းပဲ ဖြစ်ပါတယ်။ အဲဒီစစ်ပွဲကတော့ ဘလုချီစတန်ပြည်နယ် (Balochistan) နေ လူနည်းစု ဘလုခ်ျ (Baloch) လူမျိုးတွေရဲ့ လွတ်လပ်ရေးနဲ့ တန်းတူညီမျှမှု တိုက်ပွဲပဲ ဖြစ်ပါတယ်။


ဘလော့ချီစတန်ဟာ ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံ
းပြည်နယ်တစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပါတယ်။ ပါကစ္စတန်ပြည်နယ်ရဲ့ ပြည်နယ် ၄ ခုထဲက တစ်ခုဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဆိုတာ ဘင်္ဂလားဒေ့ရှ်လိုပဲ ယခင်က ရှိခဲ့တာမဟုတ်ပဲ နောက်မှ ပေါ်ပေါက်လာတဲ့ နိုင်ငံသစ်ဖြစ်တယ်။ အိန္ဒိယတိုက်ငယ် အင်္ဂလိပ်ကိုလိုနီလက်အောက်က ခွဲထွက်တော့ နိုင်ငံနေ မူဆလင်အများစုဟာ သီးသန့်မူဆလင်နိုင်ငံထူထောင်ဖို့ စိုင်းပြင်းရာကနေ ၁၉၄၇ ခုနှစ် သြဂုတ်လမှာ မူဆလင်လူမျိုးစုကြီး ငါးမျိုးကို ပေါင်းပြီး ပေါ်ပေါက်လာတာပါ။ ပါကစ္စတန်ဆိုတဲ့ နာမည်ကလည်း အဲဒီလူမျိုးစုကြီးတွေကို ကိုယ်စားပြုပြီး ခေါ်ဝေါ်လာတာပါ။ PAKISTAN ဆိုတဲ့ အင်္ဂလိပ်နာမည်မှာ P က ပန်ဂျပ်(Punjab) လူမျိုးကို ကိုယ်စားပြုပါတယ်။ A က ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ဘက်တလျှောက်မှာ နေထိုင်ကြတဲ့ အာဖဂန် (Afghan) လူမျိုးတွေကို ကိုယ်စားပြုတယ်။ K က ကက်ရှ်မီးယားလူမျိုး (Kasmir)S က ဆင်းလူမျိုး (Sind)stan ကတော့ ဘလုခ်ျလူမျိုးတွေရဲ့ Balochistan ကနေ ခွဲယူပြီး သုံးထားတာပါ။ စာလုံး i ကိုတော့ အသံထွက်ကောင်းဖို့ ထည့်သုံးထားခြင်း ဖြစ်ပါတယ်။


ပါကစ္စတန်နိုင်ငံထူထောင်တော့ ဘလုခ်ျလူမျိုးအများစုဟာ ပါကစ္စတန်နိုင်ငံထဲမှာ မနေချင်ခဲ့ပါဘူး။ ဘလုခ်ျခေါင်းဆောင်တချို့ကသာ မူဆလင် ဆိုတဲ့ စိတ်ဓာတ်ကြောင့် မူဆလင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ထဲ နားလည်မှုတစ်ခုရခဲ့ရင် နေချင်ကြပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ပါကစ္စတန်စစ်တပ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အတင်းသွတ်သွင်းလို့ ပါလာခဲ့ရပါတယ်။ ဒါကြောင့်လည်း ၁၉၄၇ သြဂုတ်လမှာ ပါကစ္စတန်စပေါ်တဲ့အခါမှာ ဘလုခ်ျမပါခဲ့ပဲ အတင်းသွတ်သွင်းလို့ ၁၉၄၈ ဧပြီလ ကျမှ ပါခဲ့တာလို့ ဘလုခ်ျမင်းသား အီမေးယား မူဟီဒင် က ဆိုပါတယ်။


ဘလုခ်ျ လူနည်းစုတွေ နေထိုင်တဲ့ ဘလုချီစတန်ဟာ တောတောင်ထူထပ်ပြီး ခေါင်တီးခြောက်ကပ်လှပါတယ်။ ဒါပေမယ့် အဲဒီသဘာဝ အဆီးအတားတွေကပဲ သမိုင်းတစ်လျှောက်မှာ ဘလုခ်ျလူမျိုးတွေကို ကျုးကျော်ဝင်ရောက်လာမယ့် တိုင်းတပါးအန္တရာယ်တွေဆီက ကာကွယ်ပေးထားခဲ့သလို ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အခုခေတ်လို တိုက်လေယာဉ်တွေ၊ အကြမ်းခံ အမာခံ ကားတွေ ပေါ်လာတဲ့ ခေတ်မှာတော့ ဘလုချီစတန်ရဲ့ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းဟာ ကျဆုံးသွားခဲ့ရပါပြီ။ ပန်ဂျပ်လူမျိုးတွေကြီးစိုးတဲ့ လက်ရှိပါကစ္စတန်အစိုးရရဲ့ အောက်မှာ ဘလုခ်ျလူမျိုးတွေဟာ လူမသိ၊ သူမသိ အနိုင်ကျင့်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းတွေကို ခံနေကြရပါပြီ။


ဘလုချီစတန်ပြည်နယ်ဟာ သဘာဝသယံဇာတ ကြွယ်ဝတဲ့ ပြည်နယ်ကြီး ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သွပ်၊ ကြေးနီ၊ ခဲ စတဲ့ တွင်းထွက်ပစ္စည်းတွေ အများကြီး ထွက်ပါရဲ့နဲ့ ပြည်နယ်ကတော့ ဆင်းရဲမွဲစုတ်နေရတယ်။ ပါကစ္စတန်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း အနိမ့်ကျဆုံးနဲ့ စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံး သရဖူကို ခေါင်းနေရတုန်ုးပဲ ဖြစ်ပါတယ်။


ပါကစ္စတန်အစိုးရအနေနဲ့ ဘလုခ်ျတွေအတွက် ဟိုလုပ်ပေးမယ်၊ ဒီလုပ်ပေးမယ် ပြောပေမယ့် စကားတွေက လေထဲမှာပဲ လွှင့်စင်ပျောက်ကွယ်ကုန်ကြပါတယ်။ နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရတဲ့၊ ပါကစ္စတန်အာဏာပိုင်တွေရဲ့ စကားချိုတွေကို ကြားရုံသာကြားရပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်မှုကို မမြင်ဖူးတဲ့ ဘလုခ်ျတွေဟာ အခုတော့ အစိုးရရဲ့ လုပ်ဆောင်ချက်အတော်များများကို မယုံကြည်နိုင်တော့ပါဘုး။ သူတို့ရဲ့ ရင်ထဲမှာ သံသယစိတ်တွေက ဖုံးလွှမ်းပြည့်လျှံနေပါပြီ။


ဘလုခ်ျလူမျိုးတွေက အခုထိ ပါကစ္စတန်လက်အောက်မှာ နေရတာကို အသိအမှတ်မပြုကြဘူး။ မိမိသဘာဝအရင်းအမြစ်တွေကို ပိုမိုထိန်းချုပ်ခွင့်ရဖို့၊ လူနည်းစုဖြစ်တဲ့ ဘလုခ်ျတွေ တန်းတူအခွင့်အရေးရဖို့၊ တချို့ကလည်း အပြီးသတ်ခွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်နေကြပါတယ်။ တချိန်တည်းမှာပဲ ဘလုခ်ျလူငယ်တွေ၊ ယောင်္ကျားတွေဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေရပါတယ်။ ပါကစ္စတန်ထောက်လှမ်းရေးတွေ၊ စစ်သားတွေရဲ့ ဖမ်းဆီးမှု၊ ပြန်ပေးဆွဲမှုတွေကို ခံနေရပါတယ်။ ဘလုခ်ျခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်နေကြတယ်။ ဘလုခ်ျရွာတွေကို ၀င်ပြီး လုယက်နေကြတယ်။ မူဆလင်လူမျိုးဖြစ်နေပေမယ့် အာဏာရှိပါကစ္စတန်အစိုးရရဲ့ လက်အောက်မှာ လူအခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်ခြင်း ခံနေကြရတယ်။


တချိန်တည်းမှာပဲ ပါကစ္စတန်သမ္မတ အလီ ဇာဒါရီ က ရိုဟင်ဂျာဘင်္ဂလီမူဆလင်တွေ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုံခြုံစိတ်ချရတဲ့ဘ၀ ရရှိနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို မြန်မြန်ထက်ထက် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ကို တိုက်တွန်းကြောင်း စာရေးသား ပေးပို့ပါတယ်။ တဖန် ရိုဟင်ဂျာ ဘင်္ဂလီတွေ သိန်းချီနေထိုင်တဲ့ ပါကစ္စတန်က အကြမ်းဖက်အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာရေးဝါဒီတွေကလည်း မြန်မာအစိုးရကို ဖိအားပေးလို့တစ်မျိုး၊ ခြိမ်းခြောက်လို့ တဖုံ အကဲစမ်းနေကြပြန်တယ်။


ဒီတော့ ပြောလိုက်ပါရစေ။ ၁၀ ယောက်မြောက် မိန်းမရဲ့ မယားပါ သားသမီးကို ဂရုမစိုက်ခင် ကိုယ်ခြံထဲက ကိုယ့်အိမ်မှာနေတဲ့ ကိုယ့်သားသမီးရင်းချာကို အမြန်ဂရုစိုက်လိုက်ပါအုံးလို့

-----
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘာသာရေးလွတ်လပ်ခွင့်များကိုနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်လျက်ရှိသည်။ ဆော်ဒီအာရေဗျီးယားနိုင်ငံ၏ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ (၂၀၁၁ ခုနှစ်) မှ ကောက်နုတ်ချက် အချို့ကို အောက်တွင် ဖော်ပြအပ်ပါသည်။

----

ဥပဒေနှင့် ပေါ်လစီများသည် ဘာသာရေးလွတ်လပ်ခွင့်ကို အသိအမှတ်မပြုသည့်အပြင် ဘာသာမတူကိုးကွယ်မှုများကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်သည်။ ၁၉၉၂ အခြေခံဥပဒေ (19
92 Basic Law) အရ စူနီအစ္စလာမ်သည် နိုင်ငံ၏ တရားဝင်ဘာသာဖြစ်ပြီး နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကုရအာန် ကျမ်းစာ နှင့် ဆုနာ (တမန်တော် မိုဟာမက်၏ ပြောစကားနှင့် ထုံးနည်းစဉ်လာ) ဖြစ်သည်။

ပြည်သူပိုင်နေရာများတွင် အစ္စလာမ်ဘာသာမှအပ တခြားဘာသာရေးဆိုင်ရာ ကိုးကွယ်မှုများနှင့် လုပ်ဆောင်မှုများအားလုံးကို တားမြစ်သည်။

အစိုးရနှင့်ပြည်သူ နှစ်ရပ်လုံးက နိုင်ငံရေးနှင့် ဘာသာရေး အဆောက်အအုံးကြီးနှစ်ခု ဒွန်တွဲနေခြင်းကို လိုလားကြပြီး ခွဲခြားမှုပြုခြင်းကို ဆန့်ကျင်သည်။

အစိုးရ၏ အစ္စလာမ်ဘာသာရေးဆိုင်ရာ ကျင့်ထုံးများကို မွတ်စလင်များကိုယ်တိုင်က မလိုက်နာပါက နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ ဘာသာရေး စသည့် ကဏ္ဍရပ်များတွင် အကြီးအကျယ် ခွဲခြားဆက်ဆံခြင်းကို ခံကြရသည်။ အလုပ်အကိုင် အခွင့်အရေးများ၊ ပညာရေးအခွင့်အရေးများ၊ အစိုးရဌာနများတွင် ပါဝင်နိုင်ခြင်းများ ဆုံးရှုံးကြရသည်။ (စကားချပ် - မြန်မာနိုင်ငံအပါအ၀င် တခြားနိုင်ငံများတွင် လူနည်းစုများ၊ အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်နေသည်ဟု ဟစ်အော်နေသော OIC သည် ၄င်း၏ ဗဟိုရုံးချုပ်ကြီးစိုက်ရာ ဆော်ဒီအာရေဗျီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာမ၀င်သူများသာမက အစ္စလာမ်ဘာသာဝင်ဖြစ်သော ရှီးယားမွတ်စလင်များပင် ခွဲခြားဖိနှိပ်မှုများကိုမူ ရေငုံနှုတ်ပိတ်နေသည်။)

ယခုနှစ် (၂၀၁၁) အတွင်း လူပုဂ္ဂိုလ်တချို့အား စုန်းကဝေနှင့် အောက်လမ်းပညာများကို အသုံးပြုသည် တံဆိပ်တပ်ကာ သေဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

"
စရိုက်ကောင်းထွန်းကားရေးနှင့် မကောင်းဆိုးဝါးတားဆီးရေး ကော်မရှင်" (Commission for the Promotion of Virtue and Prevention of Vice) နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ လုံခြုံရေးဝန်ထမ်းများသည် မွတ်စလင်မဟုတ်သော တခြားဘာသာရေး စုဝေးမှုများကို ရှောင်တခင်စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့ပြီး ၄င်းတို့၏ ဘာသာရေး အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့သည်။ အနိုင်ကျင့်စော်ကားမှုများ၊ နှောင့်ယှက်ဒုက္ခပေးခြင်းများကို CPVPV က ပြုလုပ်ခဲ့သည်။ တခြား CPVPV နှင့် တရားဝင်ဆက်စပ်ခြင်းမရှိပဲ သီးခြားရပ်တည်နေသော အစ္စလာမ်ဘာသာစောင့်ကြပ်ရေး ဗိုလမ်တီယာများ၊ အလွတ်အဖွဲ့ဝင်များ နိုင်ငံတ၀ှမ်းတွင် ရှိနေပြီး နိုင်ငံသားများနှင့် နိုင်ငံခြားသားများကို ကိုယ်ထိလက်ရောက် စော်ကားမှုများ၊ နိုင်ထက်စီးနင်းပြုမှုများကို လုပ်ဆောင်နေကြသည်။

မွတ်စလင် ဖခင်မှ မွေးဖွားလာသော ကလေးငယ်များကို ဥပဒေအရ မွတ်စလင်အဖြစ် အလိုအလျောက်သတ်မှတ်ထားပြီး အစ္စလာမ်ဘာသာမှ တခြားဘာသာသို့ ကူးပြောင်းပါက ၄င်းအား ဘာသာရေးဖောက်ပြန်သူဟု သတ်မှတ်ကာ ကွပ်မျက်ခြင်းပြစ်ဒဏ်ချမှတ်ခြင်း ခံရနိုင်သည်။

ဆူနီအစ္စလာမ်ကို စော်ကားမှုပြုလုပ်ပါကလည်း ကွပ်မျက်ခံရနိုင်သည်။

အစိုးရမှ နိုင်ငံသားမဟုတ်သူများကို မွတ်စလင်” (သို့) တခြားဘာသာဟူသော ဘာသာရေးအချက်အလက်ပါသော ID ကဒ်များကို ကိုင်ဆောင်ခိုင်းသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ဆူနီဗလီများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းများအတွက် လိုအပ်သော ငွေးကြေးထောက်ပံ့ခြင်းများ၊ဘာသာရေးခေါင်းဆောင်များအား လစာပေးခြင်းများကို ဆောင်ရွက်သည်။ ၂၀၁၀ ခုနှစ်စာရင်းများအရ ပြည်ထဲရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ထားသော ဆူနီဗလီပေါင်း ၇၅၀၀၀ ရှိသည်။ သို့သော် ရှီးယားမွတ်စလင်များမှာကား ယင်းကဲ့သို့ ထောက်ပံ့ခြင်းများကို မခံစားကြရပေ။

အစ္စလာမ်ဘာသာကို မကိုးကွယ်သော်ငြားလည်း ပြည်သူပိုင်ကျောင်းများတွင် အစ္စလာမ်ဘာသာအကြောင်းကို မသင်မနေရ သင်ကြားကြရသည်။ အာရေဗျ နှင့် ဘာသာရေး ကျောင်းသုံးစာအုပ်များတွင် ဂျူးနှင့် ခရစ်ယာန်ဘာသာဝင် မုန်းတီးရေးစာများ၊ ရှီးယား နှင့် ဆူဖီ မွတ်စလင်နှင့် တခြားဘာသာဝင်အုပ်စုများကို ရှုတ်ချရေးသားမှုများ စသည့် ဘာသာရေးမုန်းတီးမှုပြန့်ပွားခြင်းများကို ဖော်ပြနေဆဲဖြစ်သည်။



လူနည်းစုတွေကို နှိပ်ကွပ်တဲ့ ပါကစ္စတန်က နောက်ထပ်အကြမ်းဖက်ဖြစ်ရပ်တစ်ခု
ရှီးယားမွတ်စလင် ခရီးသည် ၁၉ ဦးကို ပစ်ခတ်သတ်ဖြတ်


ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ကြာသပတေးနေ့က ဘတ်စ်ကားတစ်စီးကို လက်နက်ကိုင်သမားတွေက ရပ်တန့်ပစ်ခတ်ခဲ့ရာ လူအနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေပြောစကားအရ သိရှိရပါတယ်။ လူနည်းစု ရှီးယားမွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ပုံရတယ်လို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ ဆူနီမွတ်စလင်လူများစုနေထိုင်တဲ့ အစ္စလာမ်မာဘတ်မြို့ မြောက်ဘက်က တောတောင်ထူထပ်တဲ့ မန်ဆရာ ခရိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ယူနီဖောင်းဝတ်ထားတဲ့ သေနတ်ကိုင်သမား ၄၀ လောက်ဟာ ဘတ်စ်ကားပေါ်က ခရီးသည်တွေကို ဆင်းခိုင်းပြီး သူတို့ရဲ့ ID ကဒ်ကို စစ်ပြီးမှ ရှီးယားမွတ်စလင်စစ်စစ်တွေကို ရွေးချယ်ကာ သေဒဏ်ပေးသဏ္ဍန်မျိုး သတ်ဖြတ်ခဲ့တာလို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။

ပါကစ္စတန်က ဆူနီအစွန်းရောက်အဖွဲ့အစည်းတွေဟာ ရှီးယားမွတ်ဆလင်များကို ၄င်းတို့နှင့် အယူဝါဒကွဲလွဲသူတွေအဖြစ် သတ်မှတ်ကာ ပုံမှန်အကြမ်းဖက်သုတ်သင်နေကြတာပါ။ သတ်ဖြတ်ခံရတဲ့ ခရီးသည်တွေ လိုက်ပါလာတဲ့ အဆိုပါဘတ်စ်ကားဟာ တပ်မြို့ဖြစ်တဲ့ ရာဝါပင်ဒီ ကနေ ရှီးယားမွတ်စလင် အတော်များများနေထိုင်ကြတဲ့ ကာရာကိုရမ် တောင်ခြေရင်းက ဂီဂျစ်ဒေသကို သွားလာနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အစ္စလာမ်မာဘတ်မြို့ကနေ မြောက်ဘက် မိုင် ၁၁၀ အကွာမှာ တည်ရှိတဲ့ ကိုဟီစတန်ဒေသမှာ ရှီးယားမွတ်စလင် ၁၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း သေနတ်သမားများဟာ ဘတ်စ်ကားယာဉ်တန်းပေါ်ကနေ ခရီးသည်တွေကို ဆင်းခိုင်းပြီး ရှီးယားမွတ်စလင်တွေကို ရွေးထုတ်ကာ အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဆူနီမွတ်စလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့က ဖေဖော်ရီလတိုက်ခိုက်မှုဟာ ၄င်းတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပေမယ့် အခုတစ်ကြိမ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

လော့စ်အိန်းဂျလစ်တိုင်းမ်

မူရင်းလင့် -http://latimesblogs.latimes.com/world_now/2012/08/pakistan-gunmen-kill-19-shiite-muslims.html

ဓာတ်ပုံ - ပါကစ္စတန်တာလီဘန်အဖွဲ့မှ အမေရိကန်သူလျှို ဟု စွပ်စွဲခံထားရသော အာဖဂန်လူမျိုးနှစ်ဦးကို မသတ်ဖြတ်မှီပုံ (ဇွန်လ ၂၇၊ ၂၀၀၈ ခုနှစ်)
  

No comments:

Post a Comment