Powered By Blogger

Thursday, December 2, 2010

ပြန်လည်းရှင်သန်မလာတော့သည့်ကျားသေကြီး

ပြန်လည်းရှင်သန်မလာတော့သည့်ကျားသေကြီး

ဘီဘီစီနားထောင်ရင်း ငယ်ငယ်တုန်း မိုးရေထဲမှာပြေးရင်းသီဆိုခဲ့တဲ့ သီချင်းလေး တပုတ်ကိုသတိ ရမိတယ် ဒါကတော့ကျားသေကိုအသက်မသွင်းတော့ပါ သွားလိုရာသွားလိုက်ပါတော့ သေဘူး လို့ပျဉ်ဖို့နားလည် ဗာရာနသီပုံပြင်လေးငယ်ငယ်တုန်းကအမေပြောခဲ့ဖူးတယ်။

အန်လဲလ်ဒီကတော့ ဒေါ်စုကလွဲရင် ဆံဖြူသွားကျိုး မဆလ လူထွက်စစ်သားလူထွက်တွေနှင့် ဖွဲ့ထားတဲ့အဖွဲ့ဆိုတော့ မရှိလည်းဒီအတိုင်းဘဲ ရှိတော့လည်းဘာမှဖြစ်လာမှာတော့မဟုတ်ပါဘူး နှစ်ပေါင်း ၂၀ ဆိုတဲ့ကာလဟာမနည်းတော့ပါဘူ အမေရိကမှာဆိုရင်နိုင်ငံတော်ခေါင်းဆောင် (၄) ယောက်တောင်ပြောင်းသွာပါပြီ။ အန်အဲလ်ဒီပါတီအနေနှင့်ပြည်သူတွေအတွက်မယ်မယ် ရရလုပ်ခဲ့ တာဆိုလို့လက်ချိုးရေလို့ရပါတယ်။

နအဖလုပ်ခိုင်းတာကို လိုက်လုပ်တာကလွဲလို့ ပြည်သူတွေအပေါ်မှာ အနိုင်ရတဲ့နိုင်ငံ ရေးပါတီတခုအနေနှင့် တာဝန်ကင်မဲ့တဲ့နေရာမှာတော့ နအဖကပြည်သူတွေကိုတတ်နိုင်သလောက် နှိပ်စက်တယ် ၊ အနိုင်ကျင့်တယ် ပစ်သတ်တယ်၊ အန်အဲလ်ဒီကတော့ မတူကွဲပြား စွာလျှစ်လျှူရှု တယ် ၂၀၀၇ ခုနှစ်ကလိုသင်္ဃရွှေဝါရောင်တော်လှန်ရေးလိုမျိုး တိုင်ပြည်ရဲ့အဆိုးဆုံးအခြေအ နေမှာတောင် အန်အဲလ်ဒီရဲ့ပေါ်လစီဟာ တိတ်တိတ်ပုံး လမ်းမထွက်ရေးပေါ်လစီတဲ့ တကယ်တော့ သူတို့လည်း ခိုင်ရင်လုပ် ခေါ်ရင်ထူးတွေပါဘဲ။

အဆိုးဆုံးတခုကတော့ အစိုးရဖွဲ့နိုင်ပေမဲ့ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီတခုက အစိုးရမဖွဲ့ဖို့ဆုံး ဖြတ်ခဲ့ကြတာ ကိုတော့ ဒီနေ့ထိနားမလည်းနှိုင်တာတော့ အရိုးသားဆုံးပြောချင်ပါတယ်။ (တချို့ကည်းဝေဖန်ကြတယ် ကြားဖြတ်အစိုးရဖွဲ့ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာတဲ့ ) ကြားဖြစ် အစိုးရတော် မဖွဲ့ရဲဘူးဆိုမှာတော့ ဘယ်လိုအစိုးရဖွဲ့နှိုင်မှာလည်းလို့ သက်ဆိုင်သူတွေကို မေချင်ပါတယ်။

အန်အဲလ်ဒီမဲရရှိရေးအတွက် ဒို့ကျောင်းသားတွေဟာ မြေစာပင်ဖြစ်ခဲ့ရုံမကဘဲ အသက်သွေး၊ ချွေး တွေနှင့် ဘ၀ပေါင်းများစွာပေဆပ်ခဲ့ရပါတယ် ဒီအကြွေးတွေကို ဘာနှင့်ဆပ်မလည်း။

ပြည်သူတွေကအန်အဲလ်ဒီကို ကြားဖြတ်အစိုးရဖွဲ့ဖို့ တိုက်တွန်းခဲ့တာလည်း အကြိမ်ပေါင်းမနည်း တော့ပါဘူး ဒါပေမဲ့ ပါတီကိုဖျက်ဆီခံလိုက်ရတဲ့အခြေအနေမှာတောင် အန်ဂျီအိုပုံစံမျိုးနှင့်ရပ်တည် ပြီးပြည်သူအကျိုးကို အန်ဂျီအို ပုံစံမျိုးနှင့် တတ်နိုင်တဲ့ဖက်ကထမ်းဆောင်သွားမယ်ဆိုပြီးဦးညာဏ်ဝင်း ပြောသွားတာ ကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ် တကယ်တော့နိုင်ငံရေးသမားဆိုတဲ့ ခေါင်ဆောင်ကြီးတွေက အန်ဂျီအိုဟာ နိုင်ငံရေး မဟုတ်ဘူးဆိုတာကိုတောင် ကွဲပြားအောင်မသိ သေတော့ ကျားသေကိုအသက်ပြန်မသွင်းတာဘဲကောင်းပါတယ်။ သူတိုလည်းအန်ဂျီအိုလုပ်ရင် သင့်တင့်သလောက်တော့ အဆင်ပြေမှာပေါ့ ပြီးခဲ့တာတွေပြီးခဲ့ပါပြီ နှစ်ပေါင်း ၂၀ ဆိုတဲ့ကာလကို ရေတွက်ကြည့်ရင် အဖြေကောင်းတခုကတော့ ၁၉၈၈ မှာမွေးတဲ့(ပခက်တွင်းက)ခလေးတွေဟာဒီနေ့ အမေတွေ အဖေတွေဘ၀နှင့် ဘ၀ကိုလွတ်လွတ်မှုကင်းမဲ့စွာ ရုန်းကန်နေရတယ်ဆိုတာပါဘဲ။

ကဲဒါဆိုရင် ဘာဆက်လုပ်ကြမလည်း ၊ ဘာလုပ်သင့်သလည်း တသက်လုံးစစ်ကျွန်ဘ၀နှင့်နေမလား လွတ်လပ်တဲ့လူ့ဘောင်းမှာ လွတ်လပ်တဲ့လူတယောက်အဖြစ်နှင့်နေမလား။ စဉ်းစားစရာတွေတော့ အများကြီး အများကြီးပါဘဲ။
၁။ အန်လဲလ်ဒီပါတီဟာ အနိုင်ရတဲ့ပါတီတခုဖြစ်ပါလျှက်နှင့် ဘာကြောင့် အစိုးရီမဖွဲ့တာလည်း။
၂။ ရက်ပေါင်း ၆၀ ပြည့်တဲ့အချိန်မှာ အာဏာလွှဲပေးရန် ဦးတင်ဦးဟာ ရွေးကောက်ပွဲကော်မရှင် ဥဣဌနှင့်တွေခဲ့တယ်။
၃။ ရွေးကောက်ပွဲကော်မရှင်က န၀တဆီသွားပြီး အာဏာတောင်းရန်ပြောခဲ့တယ်။
၎။ များမကြာမှီမှာဘဲ Gandhi ခန်းမဆောင်မှာ အန်အဲလ်ဒီခေါင်းဆောင်တွေက အစိုးရ ဖွဲ့ရေးမဖွဲ့ရေး အကြိတ်နနယ်ဆွေးနွေးရင်း နောက်ဆုံးတော့ ဦးတင်ဦး ၊ ဦးအောင်ရွှေတို့ဦးဆောင်သည့် အစိုးရမဖွဲ့ရေး အုပ်စုကအနိုင်ရခဲ့ပေသည်။ တဆက်တည်မှာပင် ခုတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းတေါဟာလည်း သူတို့ရဲ့ ညီနောင်တွေသာဖြစ်တယ်လို့ ဦးတင်ဦးကပြောခဲ့ပါတယ်။
၅။ နောက်ဆုံးတော့ ဦးတင်ဦးရဲ့နောက်လိုက်တွေက စီအာရ်ပီပီကိုဖွဲ့စည့်ခဲ့ပါတယ် သို့သော်လည်း လွှတ်တော်ခေါ်မယ်ဆိုတဲ့ စီအာပီပီကလည်း နှစ် ၂၀ အတွင် လေးအိုးဘဲဆိုတာ သက်သေပြလိုက်ပါပြီ။

အမှန်တကယ်စီစစ်ကြည့်တော စစ်အစိုးရအတွက် ပြင်ဆင်ချိန်ရသွာအောင်တမင်သက်သက် အကိုကြီးတွေဖြစ်တဲ့ ဦးတင်ဦး ။ ဦးအောင်ရွှေတို့က ပညာပေး အချိန်ဆွဲထားဒါသာဖြ စ်ကြောင်း
  တွေ့ရပေသည်။ စစ်အစိုးရနှင့် အန်အဲလ်ဒီထဲမှာ ကျန်ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေမှာ ကွဲပြာတာတခုကတော့ နေ၀င်းကြီးရဲ့ ၅ည ကြောင့်ထုပ်ပယ်ခံရသူ အန်အဲလ်ဒီ ခေါင်းဆောင်များနှင့် စစ်တပ်မှာကျန်ခဲ့တဲ့စစ်ခေါင်းဆောင်များသာဖြစ်ပြီး မေမြို့ဗိုလ်သင်တန်းကျောင်းမှ  ရှေ့ဆင့်
 နောက်ဆင့် ကျောင်းဆင်း ပညာသင်ကြားခဲ့ကြသည့် ဒီပုတ်ထဲမှ ဒီပဲများသာဖြစ်ပေသည်။

အမည်မဖေါ်လိုသည့်သတင်းများအရ ဦးအောင်ရွှေ ။ ဦးတင်ဦးတို့၏ ဖုန်းအထွက် ၊ အ၀င်ကို စစ် ဆေးကြည့်ပါက စစ်တပ်၏ ထိပ်ပိုင်းအရာရှိများနှင့် ဆက်သွယ်ခဲ့သော ဖုန်းအကြိမ်ပေါင်းမှာနှစ် ပေါင်း ၂၀ အတွင် အကြိမ်ပေါင်း ( ၁၀၀၀) ကျော်ရှိခဲ့သည်ဟုဆိုပါသည်။ တိကျသော အတင်း အရ ဒီပဲယင်းတိုက်ခိုက်မှုအပြီး ထောင်သွင်းအကျဉ်းကျနေစဉ်ကာလ ဦးတင်ဦးအား အိမ်အကျယ်ချုပ် သို့ပြောင်းရန်စီစဉ်သောအခါ ဦးတင်ဦးက ထိပ်ပိုင်းစစ်ခေါင်းဆောင်ဆွေကို ထောင်ဖုန်းမှတဆင့် ကြိမ်းမောင်ဆဲဆိုပြီး မင်တို့စစ်ခေါင်းဆောင်တွေ သိပ်ပြီးအသုံးမကျတဲ့ကောင်တွေ ငါထောင်မှာ နေရလို့ဘာဖြစ်မှာလည်း ခုချင်းချင်းအိမ်ကိုပြောင်းလိုက်ရင် ပြည်သူတွေရိပ်မိသွားမှာပေါ့ ဒါဆိုရင်ဘာဖြစ်လာ မယ်ဆိုတာမင်းတို့မသိဘူးလားလို့ ကြိမ်းမောင်းခဲ့ကြောင်းနှင့် အနားမှာရှိနေ သော စစ်ထောက်လှမ်း ရေများသည်း သိုးငယ်များကဲ့သို့ ဦးတင်ဦးခိုင်းတာကိုသာ လုပ်ကြရကြောင်း အမည်မဖေါ်လိုသည့် ထောင်ဝန်ထမ်းများ၏ သတင်းများအရသိ ရှိလာရပေသည်။

နောက်ဆုံးဆုံမှတ်အဖြစ် လက်တွေ့မြင်တွေ့လာရတာကတော့ အန်အဲလ်ဒီရဲ့ ပြည်ပအစိုးရသုံးနေ
သောအလံတော်ကို စစ်အစိုးရက ထပ်မံသုံးလာခြင်းဖြစ်ပြီး ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့ပေသည်   လေ့လာမှုညံ့ဖျင်ျးမှုကြောင့်ဆိုတာလည်း လုံးဝတော့မဖြစ်နှိုင်သလို တိုက်ဆိုင်မှုဆိုရင်လည်းဘဲ ယုတ်တိမရှိပေ။ တကယ်တော့ တိုင်းရင်းသားများကို နာလှဲ့ပြီးပါးကို တအားကြီးကိုက်လိုက်ခြင်းသာ
ဖြစ်ပေသည်။

UNSC တွင်မြန်မာအရေး Binding Resolution ဆွေနွေးသည့် အချိန်က ဒေါက်တာစိန်းဝင်း အနေနှင့် မထောက်ခံခြင်းကိုကြည့်ခြင်းအားဖြင့် စစ်အစိုးရနှင့် အန်အဲလ်ဒီသည် တသွေးတသံ တသားတည်းဖြစ်ပါကြောင်း အကောင်းဆုံးသက်သေအထောက်အထားတခုဖြစ်ပေသည်။

ခုလည်းအန်အဲလ်ဒီက နောက်တကျော့ ဒုတိယပင်လုံညီလာခံခေါ်ဖို့လိုလာပြီလို့ ပြောနေပါပြီ ပထမ ပင်လုံးညီလာခံကိုတိုင်ရင်းသားတွေယုံယုံကြည်ကြည်နှင့် လက်ခံလိုက်တဲ့အတွက် နှစ်ပေါင်း ၆၀ ကျော် စစ်ကျွန်ဖြစ်ခဲ့ရပြီး တိုင်ရင်းသားတွေရဲ့ စာပေ ၊ ယာဉ်ကျေးမှူးတွေလည်း စစ်အာဏာ ရှင် တွေရဲ့ဘွတ်ဖိ နပ်ကြီးတွေအောက်မှာ ပျောက်ကွယ်ခဲ့ရပါပြီ။

ဒီတခါဒုတိယပင်လုံညီလာခံကိုခေါ်နေပြန်ပါပြီ တိုင်းရင်းသားညီအကိုတွေသတိသာထားပေတော့။
နှစ်ပေါင်း ၂၀၀ အနည်းဆုံးတော့ ဗမာစစ်ကျွန်ဖြစ်ရမှာသေချာသွာပေပြီ အဘယ်ကြောင်ဆိုသော် ဒုတိယပင်လုံညီလာခံသည် ပြောင်းလှဲမှုတစုံတရာကိုမှာ လုပ်နှိုင်မှာမဟုတ်သော်လည်း အတိုင်အ တာတခုထိ စစ်အစိုးရအား တိုက်ခိုက်မှု အားပြိုင်မှုတို့ကိုလျှော့ကျစေပြီး စိအာရ်ပီပီကဲ့သို့အငွေ့ ပျံ ပျောက်ကွယ်သွာမည်သာဖြစ်ပါကြောင်း ပြည်သူများထံသို့ရိုသေလေးစားစွာတင်ပြလိုက်ရ ပေသည်။

No comments:

Post a Comment